Print

အရေးအကြောင်းထာဝရကင်းစင်စေရန်

  29-Oct-2016
Preview Image

အရေးကြောင်းကင်းပြီး အမြဲနုပျိုလိုပါသလား။ အခု ဖော်ပြပေးမည့်အချက်တွေကို လိုက်နာကြည့်စေ လိုပါတယ်။ အဲဒါတွေကတော့

 

၁။ Moisturizer(အရေဓါတ်ထိန်းလိမ်းဆီ) ကို ပုံမှန်အသုံးပြုပေးပါ။ အဆီများတဲ့ အရေပြားက အရေးအကြောင်းဖြစ်ဖို့ မလွယ်ပါဘူး။ လေအေးပေးစက်က လေတွေကို အရေပြားကို ခြောက်သွေ့စေတာကို သိရှိထားပေးပါ။ အဲဒီအစားဖြစ်နိုင်ရင်

လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။

 

၂။ နဖူးပေါ် လက်တင်တာမျိုးကိုတော့ ရှောင်ကြဉ်ပါ။ ဒီလိုပြုလုပ်တာဟာ နဖူးပြင်

အရေပြားကို ဆွဲဆန့်သလို ဖြစ်စေပါတယ်။

 

၃။ မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်တဲ့အခါ ညင်ညင်သာသာ ပြုလုပ်ပါ။ မျက်ဝန်းအိမ်နေရာဟာ အရေး အကြောင်းဖြစ်နိုင်တဲ့ ပထမဆုံး နေရာတွေပါ။ မျက်လုံးအောက်နေရာတွေကို ပွတ်မိခြင်းမျိုး၊ ဆွဲမိခြင်းမျိုးတော့ လုံးဝမလုပ်မိပါစေနဲ့။

 

၄။ နံနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်းမှာ နေပူထဲထွက်မယ်ဆိုရင် ဦးထုပ် ဒါမှမဟုတ် ထီးကို အသုံးပြုပေးပါ။ ဒါ့အပြင် Sunscreen Lotion ကို မဖြစ်မနေ အသုံးပြုပေးပါ။

 

၅။ နေရောင်ခြည်ကြောင့် မျက်စိစူးကာ နဖူးကြောရှုံ့ခြင်းမဖြစ်စေရန် မျက်လုံးထိခိုက်တာမျိုး မဖြစ်ရအောင် နေကာမျက်မှန်တပ်ပါ။

 

၆။ မျက်နှာပြင်အရေပြားကို မကြာခဏ အာဟာရဓာတ် များပေးပါ။ အထူးသဖြင့် တစ်ပတ်ကို တစ်ကြိမ် လောက်နဲ့ တစ်ကြိမ်ကို ၁၀ မိနစ်လောက်ကို မီးဖိုထဲမှာရှိတဲ့ အသီးတစ်မျိုးမျိုးကို အရည်ပြုလုပ်ပြီး လိမ်း

ထားပေးပါ။ ဒါ့အပြင် ကြက်ဥအနှစ်ဟာ အာဟာရအလွန်ပြည့်တဲ့အတွက် ၄င်းကိုလည်း သုတ်လိမ်းပေးနိုင်ပါ သေးတယ်။

 

၇။ ဒါ့အပြင် Anti-ageing လိမ်းဆေးမျိုးကိုလည်း လိမ်းပေးပါ။

 

၈။ ပဲပိစပ်နဲ့ စားတော်ပဲတို့မှာ အရေးအကြောင်းကို ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေ ပါ၀င်နေတဲ့အတွက် စားသုံးပေးသင့်ပါတယ်။

 

၉။ နောက်တစ်ချက်ကတော့ ယောဂလေ့ကျင့်ခန်းပါပဲ။ အဲဒီလေ့ကျင့်ခန်းတွေထဲကမှ ကြိုက်နှစ်သက်ရာ သုံးမျိုးလောက်ကို စွဲစွဲမြဲမြဲပြုလုပ်ပေးပါ။

 

Ref:

က့ံကော်

Health For All Magazine No.103, Pg.37, August.2015

 



Related Articles


Advertisment 18